လရောင်မဲ့ကဗျာ

ကောင်မလေးရယ်.....
လမ်းဟောင်းလေးပေါ်က
ရွက်ကြွေကလေးတစ်ရွက်လို
ရနံကင်းအဆင်းမလှတောင်
အရူးကလေးတစ်ယောက်လို
အပြေလေးကောက်လို့
နမ်းရှိုက်ရင်း ချစ်နေမှာ....
ကိုယ် ဝန်ခံပါတယ် ချစ်သူ....
တစ်ဘဝလုံးအတွက် ချစ်ခဲ့မိပါတယ်
ချစ်နေဆဲပါ ဆက်ချစ်နေမှာ
ကိုယ့်နှလုံးသားရဲ့
သွေးစက်ကလေးတွေ
အဆုံးသတ်တဲ့ထိပေါ့
မျှော်လင့်နေပါတယ် ချစ်သူ
ကိုယ့်ဘဝအတွက်
ကောင်မလေး ပေးခဲ့တဲ့
အလွမ်းလမ်းဟောင်း ကလေးပေါ်မှ....
သိပ်ချစ်ပါတယ် ချစ်သူရယ်....

လဝန်းသဇင်

0 comments:

Post a Comment

**ဇာနည်ရဲ့Blogလေးကိုလာရောက်သူသူငယ်ချင်းအပေါင်းတို့ထာဝရချမ်းမြေ့အေးမြကြပါစေလို့ဆုတောင်းမေတ္တာပို့သလျှက်ပါနော်
ဇာနည်ကပညာရှင်တစ်ယောက်မဟုတ်တဲ့တွက်လိုအပ်မှုများဖြည့်မပေးနိုင်ခြင်းကိုနားလည်ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်**