ကျိုက်ထီးရိုးစေတီတော် ရောင်ခြည်တော်ကွန့်မြူးနေပုံ








ကိုလွင်
kokolwin3412@gmail.com

အင်တာနက် အဖျား

**အင်တာနက် အဖျား**
အလုပ်ပြီးတဲ့အချိန်များ
အင်တာနက်ကိုသွား..
အဖေါ်များနဲ့.အတူယှဉ်
အကောင့်ဖွင့်လို့ဝင်
အိမ်ပြန်ချိန်လွန်နောက်ကျ
အိပ်ရေးကမဝ
အိပ်ရေးပျက်လို့စားမဝင်
အဖျားတတ်တော့ရင်
အိပ်ထဲကငွေကုန်လို့သွား
အင်တာနက်အဖျား..

အင်တာနက်-ဘော်ဒါများအတွက်ပျော်ရွှင်စရာလက်ဆောင်အဖြစ်
ကောင်းကင်
azhtwe734@gmail.com
လဝန်းသဇင်

***အဝေးက..မဉ္ဖူရီ..***

ပြန်အတွေးတွေနဲ့
ရင်ထဲမှာလျှံပြည့်နေပြီ
နင်လာရာလာရာလမ်းမှာ
မျှော်လင့်ချက်တွေ
ပန်းလိုကြဲ..
အဝေးကပဲငါ့သိမ်ငယ်မှုတွေနဲ့
မျက်ရည်ဝဲနေတယ်
တန်ဖိုးမဲ့လို့
နင်သတ်မှတ်ထားသလား
ငါ့လုပ်ရပ်အားလုံးကိုလေ
နင်မဖတ်ချင်ဘူးဆိုတဲ့
ငါ့သ၀ဏ်လွှာတွေ
သေတ္တာထဲမှာခုထိ
မျက်ရည်ဝဲနေတုန်းပါပဲ
ခုလဲ
အဝေးကနေ
ချစ်နေရတဲ့သူတစ်ယောက်ကို
သတိတရနဲ့လွမ်းလွန်းလို့
မျက်ရည်ဝဲနေတုန်းပါပဲ
မဉ္ဖူရီ...
ခဏလေးပဲ
တွေးကြည့်စမ်းပါ
အလွမ်းတွေ
အပင်ပေါက်နိုင်သလားလို့....

စိုင်းတေဇာ
sainaung01@gmail.com
လဝန်းသဇင်

အစိမ်းရင့်ရောင်စကား

ချစ်သူ...
အစိမ်းရောင်
စုပ်ချက်တွေ
နောက်ခံနဲ့မင်းကို
ငါသဲသဲကွဲကွဲ
မြင်ရပြီ..ချစ်သူ..
ကျေးဇူးပါပဲ
မင်းစကားတစ်ခွန်း
ပြောခဲ့လို့လေ
**နင်ဒီတစ်သက်လွမ်းတဲ့**

စိုင်းတေဇာ
sainaung01@gmail.com
လဝန်းသဇင်

ဆောင်မနက်ခင်းတိုင်း

အပိုင်း(၁) ------------------------------------------------------------------

ဆောင်မနက်ခင်းလေးမှာလေ လေနုအေးလေးတွေတသုန်သုန်တိုက်ခိုက် ချိန်လေးပေါ့ ဒီလိုအချိန်မျိုးလေးမှာ တခါကပျော်ရွှင်ကြည်နူးခဲ့ကြတဲ့ ချစ်သူနှစ်ယောက်အတွက်တော့ လွမ်းစရာမနက်ခင်းလေးပေါ့။ တချိန်တခါဆီက ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ အပျော်လွန်နေတဲ့ လင်းနောင်တို့အဖွဲ့အသိုက်ကျနေလေရဲ့ ထွေရာလေးပါးစကားပြောရင်း...... ကောင်မလေးအကြောင်းလေးတွေပါတာပေါ့ ”ဟေ့ကောင် ကျော်ကျော် လျှောက်ပြောမနေနဲ့ ကြားသွားရင်သူ့ကြီတော်မင်းကိုထုလိုက်မယ် ထုထုပေါ့လင်းနောင်ရ ငါကအမှန်အတိုင်းပြောတာ ပြောပါစေလင်းနောင်ရေ ဒီကောင်က ကောင်မလေးထက် သူ့ကြီးတော်ကိုပိုစိတ်ဝင်စားတာနေမှာပေါ့ကွ.........ဟား..........ဟေ့ကောင် အောင်အောင် မင်းပေါက်ကရတွေမပြောနဲ့ ငါကအမှန်အတိုင်ပြောပြတာကွ မင်းတို့ကြည့်လေ သူ့ကြည့်တော့ first year ရည်းစားကမှိုလိုပေါက်နေတာပဲ အဲ့ဒါမင်းနဲ့ဘာဆိုင်လဲကွာ................ မဆိုင်လို့ပေါ့ကွ ငါ့ညီမသာဆို ဟွန်း.......မပြောလိုက်ချင်ဘူး။ ဘာလဲတခါတည်းပေးစားမလို့လား။ ဟား........... တော်ပြီကွာ မင်းတို့နဲ့အချိန်မဖြုန်းတော့ဘူး tat ရှိတယ် class သွားတော့မယ် မင်းတို့ပဲဆက်ပြီး လေကန်နေကြတော့ ဟိုကောင်” ထွန်းနိုင်” မင်းလိုက်ဘူးလား မလိုက်တော့ဘူး ငါကဒီနေ့ဘာမှမရှိဘူး သွားမှာတာသွားပါကွာ တော်ကြာနောက်ကျနေဦမယ် နေက်ကျနေမှမင်းရဲ့ ဒေါ်နုနု ကထုနေအုံးမယ် ဟား ဟား............ ကဲပါကွာစမနေပါနဲ့တော့ ကျော်ကျော် ငါဒို့ဒီကပဲစောင့်နေမယ်နော်...... အေးအေး...........လင်းနောင် ကျော်ကျောို့ပြန်လာရင် ငါတို့တနေရာသွားရအောင် မသွားပါဘူးကွာ ပြန်တော့မယ်.............. ကဲထွန်နိုင် ဒီကောင်မလိုက်ရင်မင်းနဲ့ငါသွားမယ်ကွာ ငါလည်းမလိုက်ဘူး တော်ပြီကွာ မင်းတို့ကောင်တွေမလိုက်လဲနေ ငါဘာသာပဲသွားတော့မယ်... ပြီးရော သွားသွား ထိုနေ့ညနေအဖို့သူငယ်ချင်းတွေ (၄)ယောက်လုံးကိုယ့်အစီစဉ်နဲ့ကိုပဲလမ်း ခွဲခဲ့ကြတယ်..............ဟေ့ကောင် လင်းနောင်မင်းကားနဲ့မလိုက်တော့ဘူးလား.........................

ဓါတ်ပုံနောက်ခံပြင်မယ်

ကြိုက်တဲ့ပုံကို အရင်ရွေးပါ Browse
ကိုကလစ်ပါ မိမိဓါတ်ပုံကိုရွေးပြီး
OPEN ပါ ပြုပြင်ပြီးသားပုံကိုတွေရပါလိမ်မယ်
အောက်ကလင့်လေးမျာကိုလဲ သုံးနိုင်တယ်
(ဓါတ်ပုံကိုနောက်ခံပြင်မယ်)
ဓါတ်ပုံ သို့ ကလစ်ထောက်ပါ
# FunPhotoBox
# PhotoFunia
# Photo 505
# MagMyPic
# WriteOnIt
# Dumpr
# Loonapix
# Cameroid
# Fake Magazine Cover
# My Heritage Face Recognition

Hey sex lady

မြန်မာမော်ဒယ်လေးများ MP4

ကဗျာပုံ








kokolwin3412@gmail.com
လဝန်းသဇင်

စိမ်းရက်လေတဲ့ အွန်လိုင်ချစ်သူ

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်
အလုပ်ပိတ်ရက် Sunday နံနက်ခင်းအားလပ်နေသဖြင့် နံနက်စာစားပြီးနောက်
Internet ဆိုင်သို့ခြေဆန့်ခဲ့ပါ
သည်။ထုံးစံအတိုင်း Mail စစ်၊Facebook သုံး၊Blog
လေးနည်းနည်းပါးပါးရေးနှင့် အချိန်ဖြုန်းနေလိုက်သည်။
Gtalk ကိုဖွင့်ကြည့်လိုက်တော့ ကိုယ်နှင့်သိတဲ့သူတစ်ယောက်မှမရှိ။ထိုနေရာ၌
ကျွန်တော့်၏ အကျင့်တစ်ခု
ကိုပြောပြရန်လိုသည်။ကျွန်တော့်ကို Invite လုပ်ရင်
မည်သူဖြစ်ဖြစ်လက်ခံလိုက်ပြီး အသိဖြစ်လျှင် စကားပြော
၍ မသိသူဆိုလျှင် Hi,How r u လောက်နှင့်ပြီး၍
စကားဆက်ကပြောဖြစ်သည်ကများသည်။ကြာလာတော့သူ့
ဖက်ကလည်း စကားမပြော ကိုယ့်ဖက်ကလည်းပြန်မပြာနှင့် online
မှာလူတွေအများကြီးရှိလျှက် စကားပြော
မည့်သူမရှိဖြစ်နေခြင်းဖြစ်သည်။အခုတော့ ပျင်းပျင်းရှိသည်နှင့်မည်သူနှင့်
ချက်ရင်ကောင်းမလဲဟု နာမည်တွေ
ကိုလိုက်ပြီးဖတ်ကြည့်နေမိသည်။innocentgirl,bluedevil,nightmare,romanticgirl
စသည့်နာမည်ဆန်းဆန်း
ပြားပြားတွေထဲမှ cheery89@gamil.com ဆိုသည့်
ရိုးရှင်းသောနာမည်လေးတစ်ခုကိုတွေ့လိုက်ရသည်။ကျွန်
တော်လည်းထို account ပိုင်ရှင်လေးနှင့်ပင်ချက်မည်ဟုစဉ်းစားလိုက်ပြီး
ကိုယ်ကပဲ စတင်မိတ်ဆက်လိုက်ပါ
သည်။
“မင်္ဂလာပါ”
(ကျွန်တော် Gtalk နှင့်ချက်လျှင်မြန်မာလိုသာချက်လေရှိသည်။Myanglish
လိုလည်းနားမည်၊ဖတ်လည်းမဖတ်
တတ်၊English လိုလည်းမကျွမ်းကျွင်သောကြောင့် ဖြစ်သည်။)
သူ့ဖက်ကလည်းမြန်မာလိုသာပြန်ချက်၍ တော်သေးသည်ဟုဆိုရသော်လည်း ဘုဂလန့်
ပြန်ချက်ခြင်းဖြစ်သည်။
သူပြောပုံကိုကြည့်
Cheery89 “ရှင်ကဧည့်ကြိုလား”
Blizzard87 “ဗျာ”
C “မင်္ဂလာပါဆိုလို့ ရှင်ကဧည့်ကြိုလားလို့မေးတာ”
B “အာ…..ဟုတ်ပါဘူး”
C “ဒါဆိုဘာလို့ မင်္ဂလာပါလို့ပြောလည်း”
B “ကိုယ်နဲ့ မသိတဲ့လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတာမင်္ဂလာပေါ့ဗျ”
C “မိတ်ဆွေဖြစ်မယ်လို့ဘယ်သူကပြောလို့လဲ၊မိတ်ဆွေဖြစ်တိုင်းရော မင်္ဂလာရှိရောလား”
B “ဟာဗျာ….လမ်းမှာပခုံးချင်းတိုက်မိတဲ့လူနှစ်ယောက်တောင်မှ
ဒီလိုစကားပြောဖို့အခွင့်အရေးရှိမှာ မဟုတ်ဘူး၊
ကျွန်တော်တို့ ဒီလိုစကားပြောခွင့်ရတာ ရှေးဘ၀ကံပါလို့ဗျ”

C “ရှင်က talky တော့တော်တော်ကောင်းသာပဲ၊ဒီ talky နဲ့စော်ဘယ်နှစ်ယောက်လောက်များ
ထားပြီးပြီလဲ”
B “ကျွန်တော့်ကို online တတ် စော်တွေကို Q ပြီးအချိန်ဖြုန်းနေတဲ့ကောင်များမှတ်နေလား”
C “ဒါတော့ဘယ်သိနိုင်မလဲ”
B “တော်ပြီဗျာ၊ခင်ဗျားကျွန်တော့်ကိုစော်ကားတာများပြီ၊ခင်ဗျားနဲ့ဆက်မပြောတော့ဘူး၊ဒါပဲ”
သူကအဲဒီလိုကောင်မလေးပါ၊ကျွန်တော်လည်းပထမတော့ Block
လုပ်လိုက်မယ်လို့စဉ်းစားပါသေးတယ်။ဒါပေမဲ့...
သူနဲ့ချက်ရတာ ခံစားချက်တစ်ခုခု ပေးနိုင်တာကတကြောင်း၊
သူ့ဆီကနေတောင်းပန်စကားပြန်ကြားရမလားလို့
စောင့်နေမိတာကတကြောင်းနဲ့ Blockမလုပ်လိုက်တာပါ။
ခဏနေတော့သူပြန်ပြောလာပါတယ်။ တောင်းပန်စကားမဟုတ်ပေမဲ့
လေသံတော့နည်းနည်းပျော့သွားပါတယ်။
(လေသံပျော့သည်ဆိုရာ၌ သူ့အသံကိုကြားရ၍ ပြောခြင်းမဟုတ်
သူရိုက်လိုက်သောစာကိုကြည့်၍ ခန့်မှန်းပြောခြင်းဖြစ်သည်)
C “ရှင်online မှာစော်မရှိတာ တကယ်လား”
သူဘာဖြစ်မလဲသိချင်၍ ကျွန်တော်ဘာမှ ပြန်မပြောဖြစ်ပါ။
C “ဟေး………8ပျော်သွားပြီလား”
B “မပျော်ပါဘူး…ကျွန်တော်ပြောတော့ရောခင်ဗျားက ယုံမှာလား”
C “ရှင်လိမ်လည်းပြဿနာမရှိဘူး၊ရှင်နဲ့ကျွန်မ ကအပြင်တွေ့ရတာမှမဟုတ်တာ၊ယုံပေးရမှာပေါ့”
B “ခင်ဗျားလေးယုံတာမယုံတာလည်းကျွန်တော့်အတွက်ပြဿနာမရှိဘူး၊
ကျွန်တော်ကတော့ အ
မှန်အတိုင်းပြောမှာပဲ၊ ကျွန်တော့်မှာ ရည်းစားမရှိဘူး”
C “ဒါဆိုရင် အပြင်မှာရော”
B “ရှိဘူးတယ်”
C “ခုမရှိတော့ဘူးဆိုပါတော့”
B “ဒါပေါ့”
C “ဒါဆိုရင် online မှာစော်တစ်ယောက်လောက်မထားချင်ဘူးလား”
B “တစ်ခါတလေတော့ထားကြည့်ချင်တဲ့စိတ်ဖြစ်မိတယ်”
C “ဘာအတွက်ကြောင့်လဲ”
B “အော်…ဒါကဒီလိုဗျ..အပြင်မှာသိနေတဲ့လူတစ်ယောက်ကို
ကိုယ့်ရဲ့ခံစားချက်တွေ၊စိတ်ဆင်းရဲမှု့တွေကို ဖွင့်ပြောရမှာ မမိုက်ဘူးဗျ၊ ကိုယ့်ကိုအထင်သေးမှာစိုးရ၊သူ့မျက်နှာအခြေအနေကို
ကြည့်ပြီးမှပြောရတာလေဗျာ၊ online မှာဆိုတော့လူချင်းတွေ့ရတာလည်းမဟုတ်ဘူး၊
တွေ့ဖြစ်
မှာလည်းမဟုတ်တော့ ပြောရတာပိုကောင်းမယ်လို့ထင်လို့ပါ”
C “ဒါဆိုရင် Online တခြားလူတွေသွားပြောလည်းရတာပဲမဟုတ်လား”
B “ဘယ်တူမလဲဗျ…ကိုယ်ရဲ့အရင်းနှီးဆုံးလို့စိတ်ထဲမှာသတ်မှတ်ထားတဲ့လူကိုပြောပြရတော့
ပိုကောင်းတာပေါ့”
ကျွန်တော် ဒီစကားကို
တကယ်လေးလေးနက်နက်ပြောမိတာပါ။သူလည်းစိတ်ဝင်စားသွားပုံရတယ် သူ့ဘက်က
ဘာမှ တုန်ပြန်မလာဘူး။သူတုန့်ပြန်လာတော့လည်း
ကျွန်တော်တောင်နည်းနည်းဖြုန်သွားမိပါတယ်။
C “ဒါဆိုရင် ကျွန်မကို ချစ်တယ်လို့ပြော”
B “ဗျာ”
C “အော်….ကျွန်မကို propose လုပ်လို့ပြောတာ၊ကျွန်မလည်း အဲဒီလိုလူတစ်ယောက်လိုမယ်လို့
ရှင်မထင်မိဘူးလား၊ဒါပေမဲ့ ရှင်နဲ့ကျွန်မကြားမှာ ကတိတစ်ခုတော့ထားရမယ်”
B “ဘာကတိလဲ”
C “သိပ်အခက်အခဲကြီးမဟုတ်ပါဘူး၊ရှင်မှန်းကြည့်ပါလား”
B “ဟာဗျာ…ကျွန်တော်အဲလိုတွေ မခန့်မှန်းတတ်ပါဘူးဗျာ၊ခင်ဗျားသာပြောပါ
ကျွန်တော်ပေးနိုင်တဲ့ ကတိဆိုရင် ပေးပါ့မယ်”
C “ကောင်းပြီ (၁)ရှင်ကျွန်မကိုအပြင်မှာတွေ့ဖို့ဘယ်တော့မှမတောင်းဆိုရဘူး၊
(၂)ဖုန်းနံပါတ်
လည်းမတောင်းရဘူး၊ ဓါတ်ပုံလည်းမပြခိုင်းရဘူး၊ဘယ်လိုလဲ သဘောတူလား”
B “တူတယ် ကျွန်တော်လည်းအဲလိုလုပ်တာကို သဘောကျတယ်၊ဒါဆိုရင်နာမည်ပြော”
C “ဘာလုပ်ဖို့လည်း”
B “Propose လုပ်ရင် နာမည်တပ်ပြောရင်ပိုကောင်းမယ်ထင်လို့”
C “နာမည်အပြည့်အစုံက ပန်းချယ်ရီ၊သူငယ်ချင်းတွေထဲမှာ ပန်းလို့ခေါ်တဲ့လူရှိသလို၊ချယ်ရီ
လို့လည်းခေါ်တဲ့လူရှိတယ်၊ရှင်ကြိုက်သလိုခေါ်နိုင်ပါတယ်”
B “ချယ်ရီလို့ပဲခေါ်ပါမယ်၊ကျွန်တော့်နာမည်ကတော့ စိုးထိုက်အောင်ပါ
စိုးလို့ခေါ်လည်းရတယ်၊
ထိုက်လို့ခေါ်လည်းရတယ်၊အောင်လို့ခေါ်လည်းရတယ် ကြိုက်သလိုခေါ်ပါ၊ပြီတော့ အသက်
ဘယ်မှာနေလဲဆိုတာကိုပြောပြ”
C “စပြီ၊ဘယ်မှာနေလဲတော့မပြောပြနိုင်ဘူး”
B “ဟုတ်ဘူးလေ၊ ရန်ကုန်ဆိုရန်ကုန် တောင်ကြီးဆိုတောင်ကြီး အဲဒါလောက်ပဲပြောတာ”
C “အဲလောက်ဆိုရင်တော့ရပါတယ်၊ကျွန်မက SG မှာနေတာပါ၊အသက်က ၁၉ နှစ်ပါ”
B SG ဆိုတာ စင်္ကာပူကိုပြောတာလား။
C စစ်ကိုင်းကိုပြောတာ။ ဟိ… အခုတော့ရန်ကုန်မှာ သင်တန်းလာတတ်တာ။ရှင်ကရော…..
B “ကျွန်တော်က ရန်ကုန်မှာနေပါတယ် ၂၁ နှစ်ပါ”
“ဒါဆို Propose လုပ်ပြီနော်”
C “as u like”
B “ချယ်ရီကိုကျွန်တော်အရမ်းချစ်တယ်၊ကျွန်တော့်ကိုပြန်ချစ်နိုင်မလား ချယ်ရီ”
C “ဟုတ်”
B “စကားပြောလာတဲ့တောက်လျှောက် ဒီတခွန်းပဲညင်သာတာပါသေးတယ်”
C “ကြည့်၊ ရည်းစားဖြစ်တာဖြင့် စက္ကန့်ပိုင်းတောင်မကြာသေးဘူး စပြီးဆူပြီ”
B “ဆူတာမဟုတ်ပါဘူး၊ကြည်နူးသွားလို့ပါ”
C “-----------------------------------------”
B “---------------------------------”
ဒီလိုနဲ့ပဲ အဲဒီနေ့က ကျွန်တော်Gtalkကနေ မိတ်ဆွေတစ်ယောက်မဟုတ်တဲ့
ရည်းစားအသစ်တစ်ယောက်ကို
ရလိုက်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီ၊ ၁၄ ရက်
ဒီနေ့ တစ်နှစ်ပြည့်ပါတယ်။ ဒါကိုသူသတိထားမိလား မထားမိလားမသိပေ့မဲ့၊
ကျွန်တော်အတွက်တော့ အမှတ်
တရပါပဲ။ ဒါကြောင့် ဒီနေ့ အင်တာနက်ဆိုင်ကို စောစော သွားခဲ့ပါတယ်။ သူနဲ့
တွေ့နေကျ အချိန်ထက် တစ်နာ
ရီလောက်စောပြီး သွားတာပါ။ ကျွန်တော့်စိတ်ထဲမှာ ဒီနေ့သူ့ဆီကနေ
ဖုန်းနံပါတ်တောင်းဖို့ ရည်ရွယ်လာပါတယ်။
ဒါ အတော်ကို အရဲစွန့်ရမယ့် အလုပ်ပါ။ သူနဲ့ ကျွန်တော်နဲ့ ကြားမှာ
ကတိတစ်ခုထားထားတယ်မဟုတ်လား။
အမှန်အတိုင်း အပြောရရင် ကျွန်တော်သူကိုချစ်မိနေပါပြီ။ စကားစကားပြောပါများ
စကားထဲက ဇာတိပြဆိုတဲ့
အတိုင်း သူ့အကြောင်းတော်တော်များများကို ကျွန်တော်သိခဲ့ရသလို၊
ကျွန်တော့်အကြောင်းတော်တော်များများ
ကိုလည်း သူသိနေပါပြီ။ သူက ကတိတစ်ခုကို တန်ဖိုးထားသူဆိုတာလည်း
ကျွန်တော်သိပါတယ်။ ဒါပေမဲ့
ကျွန်တော်သူ့အပေါ် ချစ်တဲ့ အချစ်တွေက ထိုကတိဆိုသည့် ဘောင်တစ်ခု၊
အဟန့်အတားတစ်ခုကို ဖောက်
ထွက်ဖို့ သတ္တိတွေပေးနေပါပြီ…………ကျွန်တော်ဘာလုပ်ရမလဲ။
cheery89@gamil.com ဆိုသည့် account လေး အစိမ်းရောင်မီးလင်းလာပါတယ်။
သူလည်း online ကို
အရင်အချိန်ထက် နာရီဝက်လောက်စောပြီးရောက်လာပါတယ်။

B ဟိတ်၊ ဒီနေ့စောတယ်နော်၊ ဘာဖြစ်လို့စောစောလာတာလဲ….
C ချယ်ရီတစ်ယောက်တည်း စောတာမဟုတ်ပါဘူးနော်။ ချယ်ရီ့ ထက်စောတဲ့လူတောင်ရှိသေးတယ်၊
B ကိုက ဒီနေ့စောစောလာတာ အကြောင်းရှိတယ်။ ဘာကြောင့်လို့ထင်လဲ ခန့်မှန်းကြည့်။
C အလုပ်ပိတ်ရက်မို့လို့လား….ဒါမှမဟုတ်…ချယ်ရီ့ အပြင်
အခြားစော်တစ်ယောက်နဲ့ချိန်းထားလို့
ခပ်စောစောလာတာမဟုတ်လား………
B ဟာ………..ချယ်ရီကလည်း online မှာရော အပြင်မှာရော ရည်းစားဆိုလို့ ချယ်ရီတစ်ယောက်
ပဲရှိတာ။ ဘယ်ကရည်းစားကိုလာစောင့်ရမှာလဲ……
C ဒါဆို ဘာလို့လည်းဆိုတာပြောပြ……….
B ချယ်ရီတကယ်မသိတာလား………..မသိချင်ရောင်ဆောင်နေတာလား…..
တကယ်မသိဘူးဆိုရင်တော့ ကို စိတ်ဆိုးမိမှာ အမှန်ပဲ……….
C စတာပါရှင် …… စိတ်ကြီးပဲ……….ဒီနေ့ ချယ်ရီတို့ online မှာ ရည်းစားဖြစ်တာ
၁နှစ်ပြည့်တဲ့နေ့
လေ ….ဟုတ်တယ်မဟုတ်လား……… ဒါကြောင့်ချယ်ရီက စောစောလာတာ……….
ကို စောစောလာမယ်ဆိုတာလည်းသိတယ်…..
B ဒီလိုကျတော့လည်း ချယ်ရီကအရမ်းချစ်ဖို့ကောင်းတာပဲ………
တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ချယ်ရီနဲ့ ကို အပြန်အလှန် လက်ဆောင်တစ်ခုစီ ပေးကြ
အောင်……မကောင်းဘူးလား
C online ကနေပဲလား
B ဒါပေါ့
C ကောင်းပြီလေ………ကိုအရင်တောင်း
B ကို့ကို စိတ်မဆိုးရဘူးလို့ အရင်ကတိပေး……..
C အင်းပါ….အရင်ပြောကြည့်ပါ……….
B သေခြာနားထောင်နော်……..ကိုယ့်ကို ချယ်ရီ့ရဲ့ဖုန်းနံပါတ်လေး ပေးပါလားကွာ…..
Online မှာပြောရတာ အားမရဘူး ….နောက်ပြီး………..ကိုယ် လေ
ချယ်ရီ့ကို တကယ်ချစ်မိနေပြီ…….
C ……………………………………………………………………
ချယ်ရီ့ဘက်က စက္ကန့်အတော်ကြာ ဘာမြှုပန်မပြောပါဘူး………ကျွန်တော်လည်း
တော်တော်လေးစိတ်လှုပ်ရှား
နေပါပြီ………….
B ချယ်ရီ………စကားပြန်ပြောပါအုံးကွာ………စိတ်ဆိုးသွားလားဟင်………အဲလိုစကားမပြောပဲ
တော့မနေပါနဲ့ကွာ……..
C …………………………………………………………………………..
B ချယ်ရီ……………..ကိုယ်တောင်းပန်ပါတယ်ကွာ…………………
C တစ်နှစ်ဆိုတဲ့ အချိန်က ကတိတစ်ခုကို ဖျက်ဖို့လုံလောက်တဲ့အချိန်လို့
ရှင်သတ်မှတ်ထားလား
တစ်နှစ်ဆိုတဲ့ အချိန်က မိန်းကလေးတစ်ယောက်ကို အခွင့်အရေး
ယူဖို့လုံလောက်တဲ့ အချိန်လို့
ရှင်သတ်မှတ်ထားတာလား……..ကျွန်မ အရမ်းဝမ်းနည်းတယ်……..ယောင်္ကျားတွေ အားလုံး
အတူတူပဲ……..
ကျွန်တော် တကိုယ်လုံးချွေးတွေရွဲနစ်နေပါပြီ…………သူ့ကိုဖြေရှင်းတုန့်ပြန်ဖို့
စကားလုံးတွေ ကို ကီးဘုတ်လက်
ကွက်မှာရော ဦးနှောက်ထဲမှာရော ဘယ်မှာမှ ရှာမတွေ့ပါဘူး……………….
C ကျမ ရှင်နဲ့ စကားဆက်မပြောချင်တော့ဘူး…………….ကံမကုန်သေးရင်တော့ ထပ်တွေ့ကြအုံး
မှာပေါ့ရှင်…………..Bye
သူ offline ဖြစ်သွားပါတယ်……………block
လုပ်တာလား…….ထွက်သွားတာလားမသေခြာပေမဲ့ ကျွန်တော့်
နှလုံးသားကတော့ block လုပ်တာခံလိုက်ရပါပြီ………..
အိမ်အပြန်လမ်းမှာ မိုးဖွားလေးတွေကျနေပါတယ်……………“ကိုယ်အပေါ်မှာ
အရင်းနှီးဆုံးလူ တစ်စိမ်းများကြား
မှာ ရှိရင် အရာရာပြည့်ဆုံမလား…….ကိုယ့်ကို တွေ့ဆုံခွင့်ပေးပါ……”
ဝိုင်ဝိုင်း သီချင်းသံတစ်ချို့ လမ်းထိမ်ရှိ လဖ္ဘက်ရည်ဆိုင်ထဲမှ
ပြန်လွင့်လာပါသည်………………………….



ကဲ.... အလင်းစေတမန်က သူငယ်ချင်းကောင်းယောင်းမတို့ရေ...အဲလေ မှားကုန်ပြီ
သူငယ်ချင်း အပေါင်းတို့ရေ...(အနှုတ်မဟုတ်ခြင်းကို ဆိုလိုသည်။)
အထက်ပါ ဖြစ်ရပ်လေးကို ကျွန်တော်က သူငယ်ချင်းတို့ ဆီက အကြံဥာဏ်လေးလည်း
ယူမယ် ကျွန်တော့် အကြံဥာဏ်လည်း ပေးမယ်ပေါ့.
ဒီကောင်လေးက နောက်ဆုံးဘာကို ဆိုလိုချင်တာလဲ....
ဟိုကောင်မလေးက ဘာသဘောလဲ....

တစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဒီအွန်လိုင်းထဲကနေ ရည်းစားဖြစ်ပြီး
သံယောဇဉ်တွေ ချည်နှောင်လာကြတဲ့ အခါ....
ကောင်လေးက ကောင်မလေးကို ဖုန်းနံပါတ်လေး တောင်းမိတာ အပြစ်လား။
တစ်နှစ်ဆိုတဲ့ အချိန်ကာလကြီးမှာ ကောင်မလေးက ကောင်လေးကို
ဖုန်းနံပါတ်တောင်းတဲ့ အတွက် ဘာကြောင့်
နှုတ်ဆက်သွားရတာလဲ....။

ကျွန်တော်အထင်ကို ပြောရမယ်ဆိုရင် ဒီအမှု့ဟာ...အဲလေ...ဒီဖြစ်ရပ်ဟာ
ကောင်မလေးမှာ သူတစ်ကယ် ရည်ရွယ်ထားတဲ့ ရည်းစားရှိလို့ ကောင်လေးကို ဒီလို
သစ်စိမ်းချိုးချိုးလိုက်တာလို့ထင်ပါတယ်။

ဘာလို့လဲ ဆိုတော့ သူတို့ နှစ်ယောက် စတွေ့ကာစမှာ ကောင်မလေးဘက်က စကားပြောတာ
မပြေပြစ်ဘူးလေ...။ ဒါကျွန်တော့်အမြင်ပါ


သူငယ်ချင်းတို့ရဲ့ အမြင်ကိုလည်း တစ်ချက်ဝေဖန်ပေးကြပါဦးနော်...။


***ဖြစ်ရပ်မှန်***
လဝန်းသဇင်
**ဇာနည်ရဲ့Blogလေးကိုလာရောက်သူသူငယ်ချင်းအပေါင်းတို့ထာဝရချမ်းမြေ့အေးမြကြပါစေလို့ဆုတောင်းမေတ္တာပို့သလျှက်ပါနော်
ဇာနည်ကပညာရှင်တစ်ယောက်မဟုတ်တဲ့တွက်လိုအပ်မှုများဖြည့်မပေးနိုင်ခြင်းကိုနားလည်ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်**