ချစ်သူကဗျာ

ပျော်ရွှင်နေတဲ့အချိန်တွေမှာ...
ကိုယ့်ကိုမေ့ထားလိုက်ပါနော်..
မျှော်လင့်ချက်သာမရှိခဲ့ရင်..
ကိုတို့အသက်ရှင်နိုင်ပါ့မလား..
ထာဝရအတွက်ချစ်ပါတယ်လို့
ပြောနေမဲ့အစား...
မင်းဘ၀ပျော်ရွှင်ဖို့အတွက်
ကိုယ့်ဘ၀ကိုပေးဆပ်ပါရစေနော်...
ချစ်သူရေ တကယ်ဆို...
ကိုယ်ဟာမင်းအတွက်တော့..
အရုပ်လေးတရုပ်ပါပဲ..
မင်းဘ၀အတွက်
ကိုယ်ဟာအမှတ်တရ မဖြစ်ခဲ့ရင်တောင်...
အမှတ်တမဲ့နဲ့ဆုံတွေ့ခဲ့ရတဲ့..
ကိုယ့်ကိုမင်းသတိရပေးပါနော်...
ချစ်သူ...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်.
ဆုတောင်းလိုက်ချင်ပါတယ်...
နောင်ဘ၀ဆိုတာရှိခဲ့ရင်ကိုချစ်တဲ့
သူကိုပွင့်လင်းစွာ ချစ်ခွင့်ရတဲ့သူ
ဖြစ်ပါစေလို့ပေါ့....

စိုင်းတေဇာ
sainaung@gmail.com
လဝန်းသဇင်

0 comments:

Post a Comment

**ဇာနည်ရဲ့Blogလေးကိုလာရောက်သူသူငယ်ချင်းအပေါင်းတို့ထာဝရချမ်းမြေ့အေးမြကြပါစေလို့ဆုတောင်းမေတ္တာပို့သလျှက်ပါနော်
ဇာနည်ကပညာရှင်တစ်ယောက်မဟုတ်တဲ့တွက်လိုအပ်မှုများဖြည့်မပေးနိုင်ခြင်းကိုနားလည်ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်**