အဖြူရောင်စွန်းထင်းမှု

အချစ်တစ်ခုကို သိရှိချိန်မှာ
အရာတစ်ခုက ရုံးမထွက်နှိုင်အောင်
ချည်နှောင်ထား ခဲ့ပြီး
ဇာနည်“အသဲ”ကို သိပ်ချစ်သည်
နှလုံးသားမှ ကြက်ခြေခတ်တို့က
အဖြူရောင်ပါ စွန်းထင်မှုတွေကတော့
ဘယ်ချွတ်ဆေးမှ သုံးမရတော့ပြီ
“အသဲ”ကိုအရာအားလုံး
ပြောပြချင်သည်
နှုတ်ဖျားကပြောမထွက်
ဖုံးကွယ်လိမ်ညာခြင်း မဟုတ်သော်လည်း
အဓိပ္ပာယ်က အတူတူသာ
သေချာတာတခုက
ဇာနည်

အသဲကိုသိပ်ချစ်သည်
ချစ်ခဲ့သည်မှာ ယနေ့ထက်တိုင်
စွန့်လွှတ်ဖို့တော့ မစဉ်းစားခဲ့
ဘဝတခုကို ခဏလေးရသည့်
ဇာနည်အဖို့ အစွမ်းကုန်ကြိုးစားခြင်သည်
မတရားဟုဆိုနိုင်လေမလား
လူတိုင်းသည် ချစ်သောသူနှင့်
အတူနေချင် ကြသည်
စွန်ထင်မှုတွေနဲ့ ဇာနည်ဘဝ
“အသဲ”ကလက်ကမ်းလို့ကြိုပါ့မလား
လွမ်းနေပါတယ်ဆိုမှ
ရာသီဥတုကကောင်းနေပြန်တယ်
ရွာနေတဲ့ မိုးနဲ့အတူ
တွေးနေတဲ့အလွမ်း
ဆွေးနေတဲ့ နှလုံးသား
ထွက်နေတဲ့နှာခေါင်း သွေးတို့က
တားဆီးလို့မရ ဒီတစ်ညလဲ
အိပ်ရမယ်
မထင်ပါဘူး
“အသဲ”ရယ်

ရုံးမထွက်နှိုင်တဲ့ ချည်နှောင်မှုတွေ
ကြားထဲမှာတော့
ဇာနည် ဆုတောင်းနေပါတယ်
“အသဲ”တစ်ယောက်လက်ကမ်းလို့
ဆွဲလာခေါ်မယ့် တနေ့ရယ်ပေါ့.......။


ဇာနည်ကို




0 comments:

Post a Comment

**ဇာနည်ရဲ့Blogလေးကိုလာရောက်သူသူငယ်ချင်းအပေါင်းတို့ထာဝရချမ်းမြေ့အေးမြကြပါစေလို့ဆုတောင်းမေတ္တာပို့သလျှက်ပါနော်
ဇာနည်ကပညာရှင်တစ်ယောက်မဟုတ်တဲ့တွက်လိုအပ်မှုများဖြည့်မပေးနိုင်ခြင်းကိုနားလည်ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်**