***အဝေးက..မဉ္ဖူရီ..***

ပြန်အတွေးတွေနဲ့
ရင်ထဲမှာလျှံပြည့်နေပြီ
နင်လာရာလာရာလမ်းမှာ
မျှော်လင့်ချက်တွေ
ပန်းလိုကြဲ..
အဝေးကပဲငါ့သိမ်ငယ်မှုတွေနဲ့
မျက်ရည်ဝဲနေတယ်
တန်ဖိုးမဲ့လို့
နင်သတ်မှတ်ထားသလား
ငါ့လုပ်ရပ်အားလုံးကိုလေ
နင်မဖတ်ချင်ဘူးဆိုတဲ့
ငါ့သ၀ဏ်လွှာတွေ
သေတ္တာထဲမှာခုထိ
မျက်ရည်ဝဲနေတုန်းပါပဲ
ခုလဲ
အဝေးကနေ
ချစ်နေရတဲ့သူတစ်ယောက်ကို
သတိတရနဲ့လွမ်းလွန်းလို့
မျက်ရည်ဝဲနေတုန်းပါပဲ
မဉ္ဖူရီ...
ခဏလေးပဲ
တွေးကြည့်စမ်းပါ
အလွမ်းတွေ
အပင်ပေါက်နိုင်သလားလို့....

စိုင်းတေဇာ
sainaung01@gmail.com
လဝန်းသဇင်

0 comments:

Post a Comment

**ဇာနည်ရဲ့Blogလေးကိုလာရောက်သူသူငယ်ချင်းအပေါင်းတို့ထာဝရချမ်းမြေ့အေးမြကြပါစေလို့ဆုတောင်းမေတ္တာပို့သလျှက်ပါနော်
ဇာနည်ကပညာရှင်တစ်ယောက်မဟုတ်တဲ့တွက်လိုအပ်မှုများဖြည့်မပေးနိုင်ခြင်းကိုနားလည်ခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါတယ်**