
မေမေ
အသားတုန်အောင်
အသံကုန်အော်လို့
အန်ကြိတ်ပြီးမွေးရှာတယ်
သမီးကလေး
အပြင်ရောက်ဖို့အတွက်ကိုပေါ့....။
ဖေဖေ
နေ့ညမပြတ် တလည်စပ်နဲ့
ကြိုးစားပြီး ငွေရှာတယ်
ပြုံးရွှင်ရယ်မော သမီးဇောနဲ့
ရသမျှကို အပ်ရှာတယ်
ရနေ့တိုင်ပဲ ကြည်သာမြဲ
သမီးလေးကို ချစ်ရှာတယ်..။
သမီးလေး အတွက်
မွေးနေ့ဆုတောင်း
မေတ္တာလောင်းလို့
ပန်းကလေးလို လန်းစေတယ်...
အရောင်အဆင်း
ရနံသင်းလို့
အားလုံးကလဲ မြတ်နိုးတယ်...
ချမ်းမြေ့သုခ ထာဝရ
အေးမြခြင်းကိုပေးရှာတယ်
ဖေဖေ နဲ့ မေမေ...။
လဝန်းသဇင်
0 comments:
Post a Comment