
ချစ်သူရယ်....
အစ်ကို ကလေးကိုသိပ်ချစ်ခဲ့သလို
ကလေးကိုယ့်ကိုဘယ်လောက်ထိ
ချစ်ခဲ့တယ်ဆိုတာ
နှစ်ဖက်စလုံးရဲ့ မိသားစုနဲ့
ဘုရားသခင်လဲ သိခဲ့ပါတယ်
တချိန်ကပေါ့.......
အစ်ကိုရယ်...
မတတ်သာလို့ခွဲရတော့မယ်ဆိုရင်
ဝေးဖို့အတွက် ညီမကပဲ
နုတ်ဆက်ပါရစေ....
ချစ်သူရယ်......
သိပ်ချစ်တတ်တဲ့မင့်ကို
နုတ်ဆက်ခွင့်ကလေးတောင်မပေးပဲ
ပြန်လမ်းမရှိတဲ့နေရာက
ခေါ်ဆောင်သွားရသတဲ့လားကွာ
ဝိညဉ်ကင်းတဲ့ ကလေးမျက်ဝန်းလေးက
စောင့်နေပါသေးတယ်အစ်ကိုရယ်......
တိုင်းတာလို့မရတဲ့ ကြေကွဲခြင်းမျိုးနဲ့
ဝိညဉ်ကင်းတဲ့ ကလေးရှေ့မှာ
ကျလာတဲ့ မျက်ရည်တွေကို
အစ်ကိုမထိန်းနိုင်ခဲ့တာခွင့်လွှတ်ပါ..။
moekyawthunyu@gmail.com
လဝန်းသဇင်
0 comments:
Post a Comment